မင်းတပ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်

မင်းတပ်  အောက်တိုဘာ ၂၀

မင်းတပ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးလုပ်ငန်းအတွက် လိုအပ်သည့်အထောက်အကူပြု ပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းကို မန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပေးအပ်ခဲ့သည်။

မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဦးသိန်းတိုးဦး က "ရန်ကုန်မြို့မှာရှိတဲ့ ချင်း၊ ခရစ်ယာန် မိတ်သဟာရအဖွဲ့နှင့် တေးသံရှင်ယောကီးတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းတွေပေးပို့ လှူဒါန်းတာ ဖြစ်ပါတယ်၊ PPE ဝတ်စုံက(၂၀၀)စုံ၊ Mask ((၁၅၀)ထုပ်၊ Face Shield (၁၅၀)ခု၊ လက်အိတ်()ထုပ်နဲ့ လက်သန့်ဆေးရည် (၂၀)ဗူးကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ကနေ ကျွန်တော်တို့ ကျန်းမာရေးဦးစီးဌာနကို ထပ်ဆင့်လွှဲပြောင်း ပေးတာပါ" ဟုပြောကြားသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအထောက်အကူပြပစ္စည်းများကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ပေးပို့လှူဒါန်းခြင်းဖြစ်ပြီး မင်းတပ်မြို့ရှိ Quarantine Center များနှင့် လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် ကျန်းမာရေး ဦးစီးဌာနသို့ ထပ်ဆင့် လွှဲပြောင်းပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ဆလိုင်းအောင်(ပြန်/ဆက်)