စဉ့်ကူး၊ အောက်တိုဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးပေး လျက်ရှိသော ၃၃/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ကွက်သစ်-၂ ဓာတ်အားခွဲရုံ အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ( JICA ချေးငွေ )ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လုပ်ငန်း အားလုံးပြီးစီးပြီဖြစ်၍ ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် မြို့နယ်အတွင်း စတင်ဓာတ်အားဖြန့်ဖြူး နိုင်ပြီး အဆိုပါ ဓာတ်အားခွဲရုံမှ စဉ့်ကူးမြို့ပေါ်ရပ်ကွက် ၂ ရပ်ကွက်နှင့် ကျေးရွာပေါင်း( ၇၅ )ရွာရှိ လျှပ်စစ်ဓာတ်အား သုံးစွဲသူ ဦးရေ( ၉၈၀၀ )ကျော်အား ဓာတ်အားဖြန့်ဖြူးပေး လျှက်ရှိပြီး တည်ငြိမ်၍ ပိုမိုကောင်းမွန် သည့် ဓာတ်အားဖြန့်ဖြူးမှု စနစ်ဖြစ်ထွန်းလာ စေမည်ဖြစ်ကြောင်း သိရှိရသည်။
စဉ့်ကူး( ပြန်/ဆက် )