ဖလမ်း အောက်တိုဘာ ၂၀
ဖလမ်းမြို့ရှိ ကိုဗစ်-၁၉ ရောဂါပိုး ပထမဆုံးတွေ့ရှိသည့် အထူးရဲသင်တန်းသားတစ်ဦးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ယနေ့နံနက် ၁၀ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုပြီး နေအိမ်သို့ Home Quarantine ဖြင့် (၇)ကြာ ဆက်လက်နေထိုင်ရမည်ဖြစ်သည်။
အဆိုပါ အထူးရဲသင်တန်းသားသည့် ဖလမ်းမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် အထူးရဲသင်တန်းတက်ရောက်နေစဉ် အထူးရဲသင်တန်းသားများအား ကျန်းမာရေးဝန်ထမ်းများက အောက်တိုဘာ ၉ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို Antigen Test Kit ဖြင့် စစ်ဆေးရာတွင် ပိုးတွေ့ရှိခြင်းဖြစ်သည်။
အဆိုပါသင်တန်းသားကို ဖလမ်းမြို့၊ ပြည်သူ့ဆေးရုံကြီး Isolation Ward ၌ (၁၁)ရက်ကြာ ဆေးကုသမှု ခံယူပြီးနောက် ကိုဗစ်-၁၉ ရောဂါလက္ခဏာမရှိသည့်အတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခြင်းဖြစ်ကြောင်းနှင့် အဆိုပါသင်တန်းသားသည် ဖလမ်းမြို့နယ်၊ လှောင်မွာလ် ကျေးရွာနေ အသက်(၁၈)နှစ် အမျိုးသားဖြစ်ကြောင်း သိရသည်။
ဂျွန်