မက်မန်း အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်း မြို့နယ်၌ မိုးတောင်ယာစပါးစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်တွင် အောင်သံလွင်ကျေးရွာ ကွင်း/ဦးပိုင်အမှတ် (ကွင်းပြင်)၌ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဉက္ကဋ္ဌ ဦးစိုးတင့် ဦးစီးပြီး စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညီဆန်းဝင်းနှင့် လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ ဦးဆောင်မှုဖြင့် ဒေသခံတောင်သူများနှင့် မိုးတောင်ယာ စပါးစံကွက် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးတောင်ယာစံပါးစံကွက် ရိတ်သိမ်းရာတွင် တောင်သူ ဦးကျရှီ၏ တောင်ယာစပါးစံကွက်သည် ခေါက်ပေါက်ငင်း မျိုးစပါးများကို စိုက်ပျိုးဦးစီးဌာနမှ နှစ်စဉ် ထောက်ပံ့ပေးထားသည့် ခေါက်ပေါက်ငင်း မျိုးစပါးဖြစ်ပြီး တစ်ဧက အထွက်နှုန်း (၆၂.၂၀) တင်း ဖြစ်ပြီး တောင်သူအများစုသည် မျိုးစပါး ခေါက်ပေါက်ငင်းများကို စိုက်ပျိုးလျက်ရှိကြပြီး တစ်ဧက အထွက်နှုန်း ၆၂.၂၀ (သို့) ၆၃ တင်း ရရှိသည်။
တောင်ယာစပါးစံကွက် ရိတ်သိမ်းခြင်းဖြင့် မက်မန်းမြို့နယ်ရှိ ဒေသခံပြည်သူများက အလှည့်ကျစနစ်ဖြင့် တစ်ယာပြီးတစ်ယာ ဝိုင်းဝန်းကူညီရိတ်သိမ်းလျက်ရှိကြရန် ဒေသဝမ်းစာအတွက် ဖူလုံလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
မက်မန်း(ပြန်/ဆက်)