ပျော်ဘွယ် အောက်တိုဘာ ၂၀
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ၏ ကြီးကြပ်မှုဖြင့် ပျော်ဘွယ်မြို့နယ် အမျိုးသမီးကော်မတီမှ မြို့နယ်အတွင်းရှိ သစ်ပန်းကန်ပင်ပရဟိတကျောင်းနှင့် သူဌေးကုန်း ကျေးရွာရှိအောင်ချမ်းသာ ပရဟိတကျောင်း တို့တွင် အသက်(၁၀)နှစ်အောက် ကလေးငယ် များအား အာဟာရနို့ တိုက်ကျွေးခြင်းကို ယနေ့ နံနက်(၁၀) နာရီခွဲက အဆိုပါကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အာဟာရနို့တိုက်ကျွေးရာတွင် မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ သစ်ပန်းကန်ပင် ပရဟိတကျောင်းမှ ကလေးငယ်(၆၀)ဦး၊ အောင်ချမ်းသာပရဟိတကျောင်းမှ ကလေးငယ်(၂၆)ဦးတို့အား ဉာဏ်ရည် ဉာဏ်သွေးထက်မြက်စေရေးအတွက် အာဟာရ နို့များတိုက်ကျွေးခဲ့ပြီး မြို့နယ်အမျိုးသမီးကော်မတီအနေဖြင့် အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့များတွင် (၈)လကြာတိုက်ကျွေးသွားမည်ဖြစ်ကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)