ဆွမ်ပရာဘွမ် ဇန်နဝါရီ ၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် မီးသတ်ဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော အရန်မီးသတ်တပ် ဖွဲ့၀င်များ လေ့ကျင့်ရေး မွမ်းမံသင်တန်း(၁/၂၀၂၀) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက မြို့နယ် ဘန်ရူခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အရန်မီးသတ်တပ်ဖွဲ့၀င်များ လေ့ကျင့်ရေး မွမ်းမံသင်တန်း(၁/၂၀၂၀)သင်တန်းသို့ သင်တန်းသား စုစုပေါင်း (၅၀)ဦးတို့ကို အခြေခံ မီးသတ်ပညာနှင့် သဘာ၀ဘေးဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ရမည့် နည်းလမ်းများကို သင်တန်းကာလ ဇန်နဝါရီ(၆)ရက်မှ (၃၁)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးက သင်တန်းဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်မီးသတ် ဦးစီးမှူး ဦးဖြိုးကိုကိုမောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)