ဘိုကလေး အောက်တိုဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဟောင်း၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၁ နာရီ၌ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့မှ နိုင်ငံရေးပါတီများ နှင့်အတူ ဖျာပုံအကျဉ်းထောင်၊ မအူပင်အကျဉ်းထောင်နှင့် ဘိုကလေးအချုပ်တို့မှ ပေးပို့လာသည့် အချုပ်ကျသူများ၏ ကြိုတင်မဲ များအား ကြိုတင်မဲပုံးအတွင်း စနစ်တကျ ထည့်သွင်းထားရှိသည်။
ကြိုတင်မဲများ မထည့်သွင်းမီ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့မှ တက်ရောက်လာသည့် နိုင်ငံရေးပါတီများ နှင့်အတူ ကြိုတင်မဲပုံးအား လုံခြုံရေးကြိုးများ စနစ်တကျပိတ်ကာ သက်ဆိုင်ရာ အကျဉ်းထောင် တာဝန်ခံရုံးများမှ ပေးပို့လာသည့် အချုပ်ကျနေသူများ၏ ကြိုတင်မဲများအား မံပုံးအတွင်း စနစ်တကျ ထည့်သွင်းထားရှိကြကြောင်းနှင့် ဖျာပုံအကျဉ်းထောင်မှ ကြိုတင်မဲ(၁၈)မဲ၊ မအူပင် အကျဉ်းထောင်မှ (၁)မဲနှင့် ဘိုကလေးအချုပ်မှ ကြိုတင်မဲ(၅၄)မဲ ပေးပို့ခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)