ကျွန်းစု အောက်တိုဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့သာယာလှပစေရေးအတွက် သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် အလှပန်းပင်များ မြေချစိုက်ပျိုးခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့အဝင်ဆိုင်းဘုတ် တြိဂံအတွင်းနှင့် ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်း ဦးနှင့် ဝန်ထမ်းများက ကျွန်းစုမြို့အဝင် ဆိုင်းဘုတ် တြိဂံအတွင်းနှင့် ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက် လမ်းဘေးဝဲယာများ တွင် သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြပြီး အလှပန်းပင်များ မြေချစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)