မိုင်းဖြတ်၌ နမ့်ဆန်တိုးချဲ့ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး

မိုင်းဖြတ်    အောက်တိုဘာ    ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ကျိုင်းတုံမြို့၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်သည် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် တာဝန်ရှိသူ များ လိုက်ပါလျက် ယမန်နေ့ မွန်းလွဲ  ၂ နာရီခွဲ အချိန်ခန့်က မြို့နယ်စည်ပင်သာယာရေးဌာနမှ စျေးတန်းကွက်သစ်ရပ်ကွက်၌ ဆောင်ရွက်သည့် နမ့်ဆန် တိုးချဲ့ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက် ပြီးစီးသည့် အခြေအနေများကို  ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ မြို့နယ်တိုးချဲ့ရေပေးဝေရေးလုပ်ငန်းကို တာဝန်ယူဆောင်ရွက်သည့် တော်ဝင်မိုင်းဖြတ်နဂါး ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ ဦးမင်းဇော်ဦးက ဆောင်ရွက်ခဲ့သည့် မြေပြင်အခြေအနေများကို မြေပုံနှင့်တကွ ရှင်းလင်းပြသခဲ့သည်။ ထို့နောက် ရေဖြန့်ဝေသည့် ရေဘားနှင့် ရေစုကန် ဆောင်ရွက်ပြီးစီး မှုကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လိုက်လံရှင်း လင်းပြသခဲ့သည်။

အဆိုပါ လုပ်ငန်းကို ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ်အထေွထွေပိုလျှံငွေ (GRF) ဖြင့် တင်ဒါအောင်မြင်ခဲ့သော တော်ဝင် မိုင်းဖြတ်နဂါး ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပြီး အလျား၃၆ ပေ၊ အနံ၂၅ပေ၊ အမြင့် ၈ ပေ ၆ လက်မရှိ ဂါလံ ၄၅၀၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်းအတွက် ခွင့်ပြု ရန်ပုံငွေ ၂၃.၄၁ ကျပ်သန်း၊ ပိုက်နှင့် ပိုက်ဆက်ပစ္စည်း ဝယ်ယူခြင်း အတွက် ခွင့်ပြုရန်ပုံငွေ ၈၈.၀၀ကျပ်သန်း၊   ရေပိုက် သွယ်တန်းခြင်းအတွက် ခွင့်ပြုရန်ပုံငွေ ၇၁.၁ကျပ်သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

သန်းထွန်းအေး(ပြန်/ဆက်)