ဟိုပန် အောက်တိုဘာ ၂၀
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာတွင် နေထိုင် သော ဝန်ထမ်းများနှင့် မိသားစုတို့သည် ယနေ့ နံနက် ၈ နာရီခွဲ အချိန်က ဟိုပန်မြို့၊ မြသိန်းတန် သာသနာပြုပရိယတ္တိ စာသင်တိုက်တွင် သီတင်းသုံး နေထိုင်တော်မူသော သံဃာတော်အရှင်သူမြတ် တို့အား ဆွမ်းလောင်းလှူခဲ့ကြသည်။
မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာတွင် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများနှင့် မိသားစုများ နေထိုင်ကြပြီး တာဝန်ကျရာ ဒေသသို့ ပေးအပ်သည့် တာဝန်များကို လာရောက်ထမ်းဆောင်ရင်း ဒေသတွင်းသီတင်းသုံးနေထိုင်သော သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းကွမ်းအခက်အခဲ မရှိစေရန် စေတနာသဒ္ဓါတရားထက်သန်စွာ ဆွမ်းလောင်းလှူကြ ခြင်းဖြစ် သည်။
အဆိုပါ ဆွမ်းလောင်းလှူခြင်းကို အပတ်စဉ် ဈေးလွန်(၃)ရက်နေ့တွင် ပုံမှန်လောင်းလှူ ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်