ပလောက် အောက်တိုဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူ့စာကြည့်တိုက် စာအုပ်စာစောင် ငှားရမ်းခြင်းကို ခေတ္တပိတ်ထားပြီး Online အစီအစဉ်ဖြင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်သူ့စာကြည့်တိုက် Page တွင် လွှင့်တင်နိုင်ရန်အတွက် စာရေးဆရာ သိင်္ခသူ ရေးသားထားသော မြန်မာ့စိတ်ရင်းနှင့်ကလေးကဗျာထဲမှ “စာကြည့်တိုက်” ကဗျာရွတ်ခြင်း အစီအစဉ်ကို ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်သူ့စာကြည့်တိုက်လုပ်ငန်းကို ခေတ္တပိတ်ထားသော်လည်း ပြည်သူများအတွက် Online မှတဆင့် အလွယ်တကူကြည့်ရှုနိုင်စေရန်၊ ကလေးသူငယ်များစာပေဗဟုသုတ ပိုမိုတိုးတက်လာစေရန်အတွက် ရည်ရွယ်၍ ပလောက်မြို့ ပြည်သူ့စာကြည့်တိုက် Page မှ Online စနစ်ဖြင့်ကလေးသူငယ်များအတွက် ရုပ်ပုံပြ ပုံပြင် ပြောကြားခြင်း ၊ ရောင်စုံစက္ကူလေးများဖြင့်အရုပ်ခေါက်ခြင်း၊ ကဗျာရွတ်ဆိုပြခြင်း၊ စာပေချစ်မြတ်နိုး သူများအတွက် ဗဟုသုတဖြစ်စေသည့် စာအုပ်/စာစောင်များကို မိတ်ဆက်ပေးခြင်း အစီအစဉ်များနှင့် နေ့စဉ်နှင့် အမျှ ဖြစ်ပေါ်နေသော သတင်းများကို ပြည်သူများသိရှိစေရန် လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိ ရသည်။
နှင်းမြူလွင်