ကျိုင်းတုံ ဇန်နဝါရီ ၇
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ နှစ်သစ်အထူး ဓမ္မသဘင်ကို ယမန်နေ့ ည ၇ နာရီက မြို့တော်ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့်ဇနီး၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ တရားချစ်ခင်သူတော်စင်အပေါင်းတို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို နာယူကြည်ညိုကြသည်။ ထို့နောက် ဆရာတော်ကြီးက တရားနာဧည့်ပရိတ်သတ်များအား ဘုရားဆင်းတုတော် မဲဖောက်လှူဒါန်းပေးခဲ့ပြီး အလှူရှင်များက ဓမ္မပူဇာအလှူငွေများကို ဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)