မိုင်းနောင်မြို့တွင် ပျံကျဈေးနှင့် စားသောက်ဆိုင်များ သတ်မှတ်စည်းကမ်းနှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်း ရှိ/မရှိ ရှောင်တခင် စစ်ဆေးခြင်းများဆောင်ရွက်

မိုင်းနောင်  အောက်တိုဘာ  ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ အတွင်းရှိ ပျံကျဈေးနှင့် စားသောက်ဆိုင်များ သတ်မှတ် စည်းကမ်း ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းကို ယနေ့ နံနက်(၇)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ခွဲစည်ပင်သာယာ ရေးဦးစီးဌာနမှ တာဝန်ခံဦးအောင်သက်ပိုင်နှင့် ကိုဗစ်-၁၉ ကော်မတီဝင်များသည်  ပျံကျဈေးအတွင်း ရောင်းချနေသော စျေးသည်များနှင့် စျေးဝယ်သူများ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များအား လိုက်နာဆောင်ရွက် ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ (mask) တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊(mask)တပ်ဆင်ခြင်းမရှိပါက အခမဲ့ပေးအပ်ဖြန့်ဝေကာ အခုဝယ် အခုတပ် စနစ်ဖြင့် တပ်ဆင်ပေးခြင်း၊ လူစုလူဝေးဖြစ်နေသည့် စျေးဆိုင်များ တွင် စနစ်တကျရောင်းဝယ်စေရေး လိုက်လံစစ်ဆေး အသိပညာပေး နှိုးဆော်ခြင်းများကို စုပေါင်း၍ ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ကြသည်။

ဆက်လက်၍ မြို့အတွင်း သွားလာနေသော ပြည်သူများ နေအိမ်ပြင်ပထွက်ပါက (mask) တပ်ဆင်စေခြင်း၊ ကလေး ငယ်များအား လူစုလူဝေးများသော နေရာသို့ ခေါ်ဆောင်လာခြင်း မရှိစေရေး အသိပညာပေးခြင်းများ ဆောင်ရွက် ပေးသည့် အပြင် စားသောက်ဆိုင်နှင့် လက်ဖက် ရည်ဆိုင်များ  ပါဆယ်စနစ် လိုက်နာခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ ဆိုင်ထိုင်စားသောက်ခြင်း များရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ကာလိုအပ်သည်များ မှာကြားခဲ့ ကြောင်း သိရှိရသည်။

မိုင်းနောင်  −ပြန်/ဆက်