ပင်းတယ အောက်တိုဘာ ၂၀
ရှမ်းပြည် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ကျေးလက်ကျန်း မာရေးဌာနခွဲမှ အခြေခံကျန်းမာရေးဝန်ထမ်းများသည် ကျေးရွာရှိ အရန်သားဖွားဆရာမများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်းကာ ယနေ့နံနက် ၁၀ နာရီအချိန်က တောင်ရွှေပုထိုးကျေးရွာ ၊ သိမ်ကုန်ကျေးရွာအုပ်စု၊ အုံအက် ကျေးရွာတို့တွင် ပြည်သူလူထုကိုယ်တိုင် သွေးလွန်တုတ်ကွေး ရောဂါကာကွယ်ရေးအတွက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများဖြစ် သည့် ဖုံး၊ သွန်၊ စစ်၊ စသည့်လုပ်ငန်းများဆောင်ရွက်ခြင်း၊ ပိုးလောက်လမ်းနှိမ်နှင်းခြင်း၊ အဘိတ် ဆေးခပ်ခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။ ယင်းနောက် ကိုဗစ် -၁၉ ရောဂါကြိုတင်ကာကွယ်ရေး နိုးဆော်ချက်များကို လက်ကိုင်စပီကာများဖြင့် ကျေးရွာအတွင်း လှည့်လှည့်နိုးဆောင်ခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းလည်း သိရသည်။
ခင်မျိုးနွယ်(ပင်းတယ)