မိုးနဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲအတွက် မဲရုံအလိုက် ပြင်ဆင်ဆောင်ရွက်နေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

မိုးနဲ   အောက်တိုဘာ   ၂၀

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုက‌ရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်နှင့်‌ ကျေးရွာများတွင် ထားရှိဆောင်ရွက်မည့် မဲရုံများသို့ ယမန်နေ့ ညနေပိုင်းက မိုးနဲမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ကွင်းဆင်း ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ၊ ကာကွယ်ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်နှင့်အဖွဲ့က ဥယျာဉ်ရပ်ကွက်၊ နောင်ကျော့ရပ်ကွက်၊ လွိုင်မြေရပ်ကွက်၊ ပေါ့မိုင်းရပ်ကွက်၊ နာဟောင်ရပ်ကွက်နှင့် နောင်မြိုင်း ကျေးရွာများမှ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် (အဖွဲ့ခွဲ) အတွင်း ရေးမှူး များနှင့် တွေဆုံကာ ဆန္ဒမဲပေးကြမည့် မိဘပြည်သူများ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ မဲရုံ အဝင်/အထွက်လမ်း၊ Social distancing၊ ကိုယ်ပူချိန် တိုင်းတာခြင်း လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်နိုင်ရေး၊ မဲရုံအတွင်း မဲရုံသုံး ပစ္စည်းများ ထားရှိရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်ချက်များ အား ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

မျိုးညွန့်ရွှေ (ပြန်/ဆက်)