ဆွမ်ပရာဘွမ်မြို့နယ်၌ မဲရုံမှူး - ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ်

ဆွမ်ပရာဘွမ်  အောက်တိုဘာ ၂၀

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် မဲရုံမှူး- ဒုမဲရုံးမှူးများအား ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခန့်က မြို့တော်ဘန်ရူခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးဒိန်ခန်ယုံက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် ကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းတွင် ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ နှင့် ပတ်သက်၍ မဲရုံမှူးနှင့် ဒုမဲရုံမှူးများအနေဖြင့် သိသင့်သိထိုက်သည့် ဆောင်ရန်/ရှောင်ရန်များ၊ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ မဲရုံမှူးလုပ်ငန်းလမ်းညွှန်၊ မဲရုံအဖွဲ့ဝင်များ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းလမ်းညွှန်၊ မဲရုံမှူးများအတွက် သိသင့်သိထိုက်သော ဥပဒေအကိုး အကားများ၊ ရွေးကောက်ပွဲနေ့အတွက် ပြင်ဆင်ခြင်း၊ မဲရုံဖွင့်လှစ်နိုင်ရေးပြင်ဆင်ခြင်း၊ မဲရုံဖွင့်လှစ်ခြင်း၊ မဲပေးခြင်း လုပ်ငန်းစဉ် မဲရေတွက်ခြင်း၊ မဲရလဒ်ရေးသွင်းခြင်းနှင့် မဲရလဒ်များပို့ဆောင်ခြင်း၊ မဲရုံ သရုပ်ပြခြင်း၊ သရုပ်ပြလုပ်ငန်းစဉ် Power Point ဖြင့် ရှင်းလင်းခြင်းတို့ကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ မှ တာဝန်ရှိသူများက သင်တန်းပို့ချပြီး ဆွမ်ပရာဘွမ်မြို့နယ် မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်နှင့် ကျေးရွာ(၉) အုပ်စုရှိ မဲရုံ (၁၂) ရုံးမှ မဲရုံမှူး- ဒုမဲရုံမှူး အဖြစ်ဆောင်ရွက်မည့် ဆရာ/ဆရာမ (၂၄) ဦးတို့ တက်ရောက်ကြခဲ့ကြပြီးသင်တန်းကို အောက်တိုဘာ ၂၀ ရက်နေ့ ညနေ ၄ နာရီထိ သင်ကြားပို့ချ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြား ချက်များနှင့်အညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကုဋေ ( ပြန်/ဆက်)