တာမိုးညဲ အောက်တိုဘာ ၂၀
မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသံချဲ့စက်နှင့် (Hand Speaker) များဖြင့် အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများကို မြို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကော်မတီအဖွဲ့တို့က နံနက်(၈)နာရီ အချိန်မှ စတင်ပြီး ညနေ(၅)နာရီ အချိန်ခန့် အထိ တာမိုးညဲမြို့၊ ရပ်ကွက်များ သို့ လိုက်လံအသိပေးနှိုးဆော်ကြောင်း သိရသည်။
တာမိုးညဲမြို့၊ ပြည်သူလူထုများအနေဖြင့် ပြင်ပသို့သွားလာပါက နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်သွား လာကြရန်၊ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို နှိုးဆော်ပြီး စနစ်တကျ လိုက်နာကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် စည်းကမ်း လိုက်နာခြင်းဖြင့် ပြည်သူလူထုများ ပူးပေါင်းပါဝင်ကြရန်၊ အခြားဒေသအရပ်ရပ်မှ ရောက်ရှိ လာသူများရှိပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးများထံသို့ အသိပေး အကြောင်းကြားရန်နှင့် ဖျားနာခြင်းများ ရှိပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ အချိန်နှင့်တစ်ပြေးညီ သွားရောက် ပြသကြရန်တို့ကို လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ဌေးဌေးကြည်(ပြန်/ဆက်)