မဘိမ်းမြို့၌ Mask တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် မတပ်ဆင်သူများအား ဒဏ်ငွေပေးဆောင်စေခြင်း ဆောင်ရွက်

မဘိမ်း အောက်တိုဘာ ၂ဝ    

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုမှ ကြိုတင်ကာကွယ် နိုင်ရေးအတွက် Mask တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် အပြင်ထွက် သွားလာတိုင်း နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိသူများအား ဒဏ်ငွေပေးဆောင်စေခြင်းကို ယနေ့နံနက် ၇ နာရီအချိန် က ကုန်းခါး ရပ်ကွက်၊ လမ်းဆုံပန်းခြံ၌ ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

နှာခေါင်းစည်း Mask မတပ်ပဲ အပြင်ထွက်သွားလာသူများအား Mask တစ်ခုလျှင် (၅ဝ)ကျပ်နှင့် ဒဏ်ငွေ(၁၅ဝ)ကျပ်၊ စုစုပေါင်း(၂ဝဝ)ကျပ်ကို ပေးဆောင်စေပြီး ပြည်သူများအား အပြင်ထွက်သွား လာတိုင်း နှာခေါင်းစည်း Mask များ စနစ်တကျတပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်ရန် အသိပညာပေး ဆောင်ရွက်လျက်ရှိသည်။

ပြည်သူများအား နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်သွားလာစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချူပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့် မြို့နယ်အဆင့်ကော်မတီဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချူပ်ရေးအတွက် အသိပညာပေး ခြင်းနှင့် ဒဏ်ငွေဆောင်စေခြင်းများ ပြုလုပ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)