မူဆယ်မြို့၌ တရုတ်နိုင်ငံဘက်မှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အထောက်အကူပြု ကျန်းမာရေးပစ္စည်းများ လှူဒါန်း

မူဆယ်     အောက်တိုဘာ      ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် တရုတ်နိုင်ငံ၊ ရွှေလီမြို့၊ အမျိုးသမီးရေးရာအဖွဲ့၊ ရွှေလီမြို့ မိခင်နှင့်ကလေး ဖွံ့ဖြိုးရေးစင်တာနှင့် ယူနန်ကျောက်စိမ်း ဝမ်ချောင်ကွန်ရက်နည်းပညာ ကုမ္ပဏီလီမိတက်တို့မှ ကျန်းမာရေးအထောက် အကူပြုပစ္စည်းများကို ယနေ့၊ နံနက်()နာရီ အချိန်ခန့်က မြန်မာ-တရုတ် နှစ်နိုင်ငံ အဝင်/အထွက်ဂိတ် (နန်းတော်ဂိတ်)၌ လာရောက်ပေးအပ် လှူဒါန်းသည်။

အဆိုပါ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကို ရွှေလီမြို့၊ အမျိုးသမီးရေးရာစင်တာအဖွဲ့ဉက္ကဋ္ဌမစ္စဝန်ထင် ဦးဆောင် သည့်အဖွဲ့က လာရောက်ပေးအပ်လှူဒါန်းရာ မူဆယ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူး၊ ခရိုင်ပြည်သူ့ကျန်းမာရေးဌာနမှ ဦးမင်းညို၊ ခရိုင်ပညာရေးဦးစီးဌာနမှ ဦးကျော်မိုးမြင့်၊ ခရိုင်အမျိုးသမီး ရေးရာ အဖွဲ့မှ ဒေါ်ခင်ဌေးနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရေး အသင်းဉက္ကဋ္ဌ ဦးရှင်ဖုတို့က အသီးသီးလက်ခံသည်။

မူဆယ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများအား လာရောက် လှူဒါန်းမှု အပေါ် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီး ပြန်လည်ပေးအပ်ပြီး တရုတ်နိုင်ငံဘက်က  နှာခေါင်းစည်း ()သိန်း () သောင်း၊ Hand Gel (၂၄၀၀) နှင့် ပိုးသတ်ဆေး (၅၀)ပုံး တို့ကို အသီးသီး ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)