ပင်းတယမြို့၌ အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ အမျိုးသမီးငယ်များအား (HPV) ကာကွယ်ဆေး စတင်ထိုးနှံခြင်း အသိပေးဆွေးနွေးပွဲကျင်းပ

ပင်းတယ  အောက်တိုဘာ  ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမ၌ ပုံမှန်ကာကွယ်ဆေးထိုး/ တိုက် အစီအစဉ်တွင် (HPV) ကာကွယ်ဆေး စတင် ထည့်သွင်းထိုးနှံခြင်း အသိပေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁နာရီအချိန် က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ဆရာဝန်မကြီး ဒေါက်တာမို့မို့ကြည် က သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ပုံမှန် ကာကွယ်ဆေးထိုးလုပ်ငန်းတွင် (HPV) ကာကွယ်ဆေးထည့်သွင်းပြီး ဆောင်ရွက်ရမည့် လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် အသက်(၉)နှစ်မှ (၁၀)နှစ်အထိ အမျိုးသမီးငယ် များ တစ်နည်းအားဖြင့်  (၁.၉.၂၀၁၀) မှ (၃၁.၈.၂၀၁၁) အတွင်း မွေးဖွားသည့် အမျိုးသမီးငယ်များကို ယနေ့တွင် ပထမအကြိမ် ထိုးနှံပေးသွား မည်ဖြစ်ပြီး ကာကွယ်မှုအပြည့်အဝ ရရှိစေရန်အတွက် ပထမအကြိမ်ထိုးနှံပြီး (၁၂)လ ခြားကာ ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ပြီး ပင်းတယမြို့နယ်တွင် (HPV) ကာကွယ်ဆေး ထိုးနှံရမည့် အမျိုးသမီးငယ်ဦးရေ စုစုပေါင်း (၆၈၇)ဦးခန့်ရှိကြောင်းလည်း သိရသည်။

ခင်မျိုးနွယ်(ပင်းတယ)