နွားထိုးကြီးမြို့နယ်တွင် (HPV) ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင်ထိုးနှံ

နွားထိုးကြီး အောက်တိုဘာ ၂၀

နွားထိုးကြီးမြို့နယ်တွင် (HPV) ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင်ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က မြို့နယ် မိခင်ကလေး ကျန်းမာရေဌာနဝင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာ အောင်ကျော်ဦးက (HPV) အိတ်ချ်ပီဗွီ ကာကွယ် ဆေးကို ပုံန်မှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင်ထိုးနှံရာတွင် ကျန်းမာရေး ဝန်ထမ်း များနှင့်အတူ လူမူရေးအဖွဲ့အစည်းများ ပူပေါင်း၍ စနစ်တကျဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆေးထိုးနှံခြင်းအခမ်းအနားအား စတင်ခဲ့သည်။

နွားထိုးကြီးမြို့နယ်တွင် (HPV) ကာကွယ်ဆေးကို အောက်တိုဘာလ ၂၀ ရက်နေ့မှ စတင်ထိုး နှံပေးလျက်ရှိပြီး အသက်(၉)နှစ်မှ(၁၀)နှစ်အကြား အမျိုးသမီးများကို (HPV) ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြင့် အိတ်ချ်ပီဗွီ (HPV) ပိုးကြောင့်ဖြစ်တက်သည့် သာအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်ပွားတတ်သည့် ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ကြောင်း နှင့် သားအိမ်ခေါင်းကင်ဆာ အားလုံးနီးပါးသည် (HPV) ပိုးကြောင့်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ငြိမ်းနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်