ဝါးခယ်မမြို့နယ်တွင်( High. Tech) မိုးစပါးစမ်းသပ်ကွက်၊ စံပြကွက်များရိတ်သိမ်းခြင်းဆောင်ရွက်

ဝါးခယ်မ  အောက်တိုဘာ ၂၀

ဧရာ၀တီတိုင်းဒေသကြီး ၊ မြောင်းမြခရိုင် ၊ ဝါးခယ်မမြို့နယ်၌ မိုးစပါးစမ်းသပ်ကွက်နှင့် စံပြကွက်များရိတ်သိမ်းခြင်းကို ယမန်နေ့နံနက်၁၁နာရီခန့်က ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာများဖြစ် သော သဲကုန်းကျေးရွာနှင့် ကြာဖြူကျေးရွာတို့တွင် မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာန၏ဦးဆောင်မှုဖြင့် ဒေသခံ တောင်သူများနှင့် မိုးစပါးရာသီ‌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ထုံးနှုန်းထား အမျိုးမျိုးထည့်သွင်းထား သည့်စံပြကွက်များရိတ်သိမ်းခဲ့ကြောင်းသိရသည်။

အဆိုပါ မိုးစပါးရာသီမြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုံးနှုန်းထားအမျိုးမျိုးထည့်သွင်းထားသည့် စံပြကွက်များရိတ်သိမ်းရာတွင် ကြာဖြူ‌ကျေးရွာရှိ တောင်သူဦး၀င်းဗိုလ်၏ ဆင်းသုခမျိုးစေ့ထုတ် စိုက်ခင်းတွင် ရိတ်သိမ်းခဲ့ပြီး သဲကုန်းကျေးရွာနှင့် ကြာဖြူကျေးရွာမှ တောင်သူများနှင့် စိုက်ပျိုးရေးဦးစီး ဌာနမှ၀န်ထမ်းများ တက်ရောက်ခဲ့ကြောင်းသိရသည်။

စောသန္တာဦး(ပြန်/ဆက်)