သာစည် အောက်တိုဘာ ၂၀
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ခန်းမ၌ပြုလုပ်သည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမောင်က အဖွင့်အမှာစကား ပြောကြား ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းမြင့်ဦးက ရွေးကောက်ပွဲ ကျင်းပရေး ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး ရွေးကောက်ပွဲဆိုင်ရာ လုံခြုံ ရေး၊ ကျန်းမာရေး၊ မဲရုံမှူးကိစ္စရပ်များ၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ၊ မီးဘေး လုံခြုံရေးဆိုင်ရာများကို သက်ဆိုင်ရာဌာန တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးကြပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်အိမွန်ကျော်က ကြိုတင်မဲပေးရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး သည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ နှင့် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။
ထွန်းထွန်း(ပြန်/ဆက်)