ကွမ်းလုံမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) စတင်ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကွမ်းလုံ အောက်တိုဘာ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး Human Papilloma Virus(HPV) အား ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၁)နာရီအချိန်ခန့် က မြို့နယ်စုဝေးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် (HPV) ကာကွယ်ဆေးကို စတင်ထည့်သွင်း ထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲအခမ်းအနားမှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ အဖွင့်မိန်းခွန်း Vedio အား ဖွင့်လှစ်ပြသ၍ ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဇေယျ က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခွန်စောထွန်း က သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) စတင်ထည့်သွင်း ထိုးနှံသွားမည့် လုပ်ငန်းစဉ်များနှင့် ပက်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ   HPV ကာကွယ်ဆေးကို အောက်တိုဘာ ၂၀ ရက်နေ့မှစ၍ အသက်(၉)နှစ်မှ (၁၀)နှစ် အထိ မိန်းကလေးတိုင်းကို သတ်မှတ်ထားသည့် ကာကွယ်ဆေးထိုးစုရပ်များ တွင် (၁၂)လခြား၍ (၂)ကြိမ် ထိုးနှံပေးသွားမည်ဖြစ်ပြီး ကွမ်းလုံမြို့နယ်တွင် အသက်(၉)နှစ်မှ (၁၀)နှစ်အထိ မိန်းကလေး ရည်မှန်းဦးရေ (၅၃၆)ဦး ရှိကြောင်း သိရသည်။

မိုင်းခိုင်ဇော်(ကွမ်းလုံ)