ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ခရိုင်အဆင့်ကော်မတီက လားရှိုးမြို့ရှိ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးစခန်းများအား ကွင်းဆင်းစစ်ဆေး

လားရှိုး အောက်တိုဘာ ၂၀

လားရှိုးမြို့၌ ဖွင့်လှစ်ဆောင်ရွက်နေသော ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးစခန်းများအား ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးခရိုင်အဆင့်ကော်မတီ က ယနေ့နံနက် (၁၀)နာရီအချိန် က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရေးစခန်းများဖြစ်သော ပညာရေးကောလိပ်အနီးရှိ စစ်ဆေးရေးစခန်း၊ မယ်ဟန်စစ်ဆေးရေး စခန်းနှင့် မယ်ဟန်ကုန်တင်ကုန်ချစစ်ဆေးရေးစခန်းတို့အား ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ခရိုင်အဆင့် ကော်မတီ ဥက္ကဋ္ဌ၊ လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုနှင့်အဖွဲ့တို့က ကွင်းဆင်းစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးမြို့နယ်အဆင့် ဥက္ကဋ္ဌ ဦးအာကာလင်း က လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်လင်းတင်ပြခဲ့သည်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးခရိုင်အဆင့်ကော်မတီ ဥက္ကဋ္ဌ က အဆိုပါစစ်ဆေးရေး စခန်းများ၌ တာဝန်ထမ်းဆောင်နေကြသူများအတွက် စစ်ဆေးရေးစခန်းတစ်ခုလျှင် ငွေကျပ် (၁)သိန်းနှုန်းဖြင့် ငွေကျပ်(၃) သိန်း အား ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့ပြင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ခရိုင်အဆင့်ကော်မတီအနေဖြင့် လားရှိုးမြို့ ပညာရေးကောလိပ် တွင် ဖွင့်လှစ်ထားသော Community Based Facility Quarantine Centre ၌ စောင့်ကြည့်ထားသောသူများနှင့် တာဝန်ထမ်းဆောင်နေသူများ စုစုပေါင်း (၁၃၅)ဦးစာအတွက်  နေ့လည်စာအပြင်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများဖြစ်သော နှာခေါင်းစည်း၊ လက်သန့်ဆေးရည်နှင့် အချိုရည်၊ မုန့်များအပါငွေကျပ် (၂)သိန်း(၇)သောင်းကျပ်တန်ဖိုးအား ပေးအပ်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ဟန်ဌေး(လားရှိုး)