တီးတိန်၌ မြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဖွင့်ပွဲပြုလုပ်

တီးတိန်    အောက်တိုဘာ     ၂၀

ချင်းပြည်နယ်၊ တီးတိန်မြို့၌ မြို့နယ်အဆင့်သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့မရပ်ကွက်ရှိ မိခင်နှင့် ကလေး ကျန်းမာရေးဌာန၌ ပြုလုပ်သည်။

ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းနှင့် မြို့နယ်ဆေးရုံအုပ် ဒေါက်တာဇော်မြင့်နိုင်တို့က ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းဖွင့်ပွဲတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဆေးရုံအုပ်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြာထားသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာ များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်သည်။

ကာကွယ်ဆေးထိုးနှံခြင်းကို တီးတိန်မြို့ပေါ် (၄)ရပ်ကွက်နှင့် မြို့နယ်အတွင်းရှိ အသက် (၉) နှစ်မှ (၁၀)နှစ် အထိအမျိုးသမီး (၉၀၆)ဦးအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးမည် ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဒိုင်ဒိမ့်(ပြန်/ဆက်)