တီးတိန် အောက်တိုဘာ ၂၀
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံမှူး၊ ဒု-မဲရုံမှူးသင်တန်း တက်ရောက်မည့် မြို့နယ်ခြားမှ ကျောင်းဆရာ/ဆရာမ ၂၅ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ယမန်နေ့က စစ်ဆေးရာ ရောဂါပိုးမတွေ့ရှိကြောင်း သိရသည်။
အဆိုပါ ကျောင်းဆရာ/ဆရာမ တို့သည် ယခုလ ၁၁ ရက်နေ့မှစတင်၍ တီးတိန်မြို့ အထက-၂ ၌ Facility Quarantine ဝင်ရောက်ခဲ့ကာ ယနေ့တွင် ၎င်းတို့၏ Swab များကို ဓာတ်ခွဲစစ်ဆေးခဲ့ခြင်း ဖြစ်သည်။
သင်တန်းကာလမှာ အောက်တိုဘာ ၂၂ ရက်နေ့မှ၂၄ ရက်နေ့အထိဖြစ်ပြီး သင်တန်းသား/ သင်တန်းသူ ၂၈၀ဦးအား အဖွဲ့ (၆)ဖွဲ့ခွဲကာ အသုတ်လိုက် တက်ရောက်ပို့ချမည် ဖြစ်ကြောင်း တီးတိန်မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)