အခြေခံပညာအထက်တန်းကျောင်းအတွက် လိုအပ်နေသည့် ကျောင်းသုံးပစ္စည်းများလှူဒါန်း

ခိုင်ကမ်း  အောက်တိုဘာ  ၂၀

ချင်းပြည်နယ် ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ အခြေခံပညာအထက်တန်းကျောင်းအတွက် လိုအပ်လျက်ရှိသည့် စာသင်ခန်းသုံးစာသင်ခုံ၊ စုံလည်ပန်ကာနှင့်လျှပ်စစ်မီးလိုအပ်လျက်ရှိသော ကျောင်းဆောင်နှစ်ဆောင်အတွက် လျှပ်စစ်မီးအသစ် တပ်ဆင်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါကျောင်းအတွက် အလှူရှင်  ကလေးမြို့ အောင်ဇေယျရပ်ကွက်နေ  ဦးကျော်ဟိန်းနှင့် ဒေါ်စန်းတင့်မိသားစုမှ ဗိုလ်ခိုင်ကမ်းကျောင်းဆောင်ရှိ စာသင်ခန်းနှစ်ခန်းအတွက် စာရေးခုံနှင့်ထိုင်ခုံ၊ ခိုင်ကမ်းမြို့နေ အလှူရှင် ဦးကျော်မြင့်နိုင်မှ စုံလည်ပန်ကာ အလုံး(၂၀)(တပ်ဆင်ပြီး)နှင့် စွယ်တော်ဆောင်၊ တောင်ဇလပ်ဆောင်တို့အား လျှပ်စစ်မီး အသစ်ပြန်လည် တပ်ဆင် လှူဒါန်းခဲ့ရာ လှူဒါန်းပစ္စည်း တန်ဖိုး စုစုပေါင်းမှာကျပ် သိန်းသုံးဆယ်ကျော်ခန့်ရှိကြောင်း သိရှိရသည်။

ဝုန်လွန်းညောင်(ခိုင်ကမ်း)