ခိုင်ကမ်းမြို့တွင် အသက်၉နှစ်မှ အသက်၁၀အထိ ကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ (အိတ်ချ်ပီဗီ) ကာကွယ်ဆေးထိုးနှံပေး

ခိုင်ကမ်း  အောက်တိုဘာ  ၂၀

ချင်းပြည်နယ် ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ ကျေးလက်ကျန်းမာရေးဌာနတွင် အသက် ၉ နှစ်မှ အသက် ၁၀ အထိ ကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ (အိတ်ချ်ပီဗီ) ကာကွယ်ဆေးကို ယနေ့နံနက် (၁၀)နာရီအချိန်တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။ 

အိတ်ချ်ပီဗီကာကွယ်ဆေးသည် HPV ပိုးကြောင့်ဖြစ်တတ်သော သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်ပေါ်တတ်သော ကင်ဆာရောဂါများကို ကာကွယ်နိုင်ကြောင်း သိရှိရသည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာ (အိတ်ချ်ပီဗီ) ကာကွယ်ဆေးကို ထိုးနှံပေးနိုင်ရန် ခိုင်ကမ်းမြို့တွင် ရှိသော ၉-၁-၂၀၁၀မှ၈-၃၁-၂၀၁၁ ရက်နေ့တွင် မွေးဖွားသည့် အသက်၉နှစ်မှ အသက် ၁၀ နှစ်ကြား မိန်းကလေးငယ်များကို စာရင်းကောက်ခဲ့ရာ အယောက် (၃၇)ဦးရှိပြီး အယောက်(၃၇)ဦးလုံးအား အိတ်ချ်ပီဗီ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး အိတ်ချ်ပီဗီကာကွယ်ဆေးနှင့် ပတ်သက်သော အမေးများသည့် မေးခွန်းနှင့်အဖြေများပါဝင်သည့် လက်ကမ်းစာစောင် များကိုလည်း ဖြန့်ဝေခဲ့ကြောင်း သိရသည်။ 

ဝုန်လွန်းညောင်(ခိုင်ကမ်း)