ခိုင်ကမ်း အောက်တိုဘာ ၂၀
ချင်းပြည်နယ် ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ မြို့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး ဆင့်ပွားသင်တန်းကို ယနေ့နံနက်က ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းတွင်ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးက ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းလမ်းညွှန်ချက်များ၊ မဲရုံပြင်ဆင်ခြင်း၊ မဲရေတွက်ခြင်း၊ မဲရလဒ်ရေတွက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ မဲရုံသရုပ်ပြလေ့ကျင့်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ စံလုပ်ငန်းလမ်းညွှန်ချက်များကို ထပ်ဆင့်ဆွေးနွေးပို့ချခဲ့ကြောင်း သိရှိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)