မိုင်းတုံ အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုးခြင်း အစီအစဉ်တွင် သားအိမ်ခေါင်းကင်ဆာ (HPV)ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသက်ခိုင်မင်း က မိုင်းတုံမြို့နယ်အတွင်းရှိ အသက်(၉)နှစ် နှင့် အသက်(၁၀)နှစ်ရှိ အမျိုးသမီးငယ်များကို သားအိမ်ခေါင်းကင်ဆာ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး သားအိမ်ခေါင်းကင်ဆာ (HPV)ကာကွယ်ဆေး ထိုးပေးသွားမှာဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးအား အသက်(၉)နှစ်မှ (၁၀)နှစ်ရှိ အမျိုးသမီးငယ်များသည် တစ်နှစ်ခြား(၂)ကြိမ် ထိုးနှံရမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါဆေးထိုးနှံခြင်းကို အောက်တိုဘာလ (၂၁)ရက်နေ့မှ စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေး ထိုးနှံမည့် အမျိုးသမီးငယ်များအား ဖိတ်စာပေးဝေသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေး လာရောက်ထိုးနှံရာတွင် ဖိတ်စာပါတစ်ပါတည်း ယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဝင်းခိုင်(ပြန်/ဆက်)