ကာလိမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကာလိ အောက်တိုဘာ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီ အချိန်က အခြေခံပညာအထက်တန်းကျောင်းနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော် က   ကျောင်းသား၊ ကျောင်းသူများအား စာပေဖတ်ရှု့ခြင်းဖြင့်ရရှိနိုင်မည့် အကျိုးကျေးဇူးများ စာဖတ် ခြင်းဆိုင်ရာများနှင့် စာပေဖတ်ရှု့ခြင်းဖြင့် အမှားအမှန်များ ဝေဖန်ပိုင်းခြားတတ်ပြီး အသိပညာဗဟု သုတများ တိုးပွားစေရန်၊ စာကြည့်တိုက်ကိုအသုံးချတက်စေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတက် စေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး "စာဖတ်ခြင်း" နှင့် "စာပေအသိ" ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သီတင်းကျွတ်ပွဲတော်ဆိုင်ရာ နံရံကပ်စာစောင်များပြသခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှု့ ခဲ့ကြကြောင်းသိရသည်။

ထင်ထင်(ကာလိ၊ပြန်/ဆက်)