ဖလမ်းမြို့နယ်အတွင်း မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများအား ကိုဗစ် -၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာ တစ်ဦးတွင် ရောဂါပိုးတွေ့ရှိ

ဖလမ်း အောက်တိုဘာ ၂၁

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက်  မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်း ကျောင်းဆရာ ဆရာမများကို အောက်တိုဘာ ၁၇ ရက် နံနက် ၈ နာရီက ဖလမ်းမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ စစ်ဆေးသည်။

မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် တိုင်းခြား၊ ပြည်နယ်ခြား၊ မြို့နယ်ခြားမှ အောက်တိုဘာ ၃ ရက်နေ့နောက်ပိုင်း ဖလမ်းမြို့နယ်သို့ လာရောက်သည့် ကျောင်းဆရာ ဆရာမ(၃၉)ဦးကို ဖလမ်းခရိုင် ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ် ဒေါက်တာ တလွန်ကျုံးထန် ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက Antigen Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာ အသက်(၃၁)အရွယ်ရှိ ကျောင်းဆရာမ တစ်ဦး၌ ရောဂါပိုးတွေ့ရှိပြီး အဆိုပါ ကျောင်းဆရာမကို ဖလမ်းမြို့၊ ပြည်သူ့ဆေးရုံကြီး Isolation Ward ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ဂျွန်