အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား တွန်းဇံမြို့၌ကျင်းပ

တွန်းဇံ ဇန်နဝါရီ ၇

အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်တွင် တွန်းဇံမြို့ မြို့နယ်မီးသတ်စခန်းတွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းစိုးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ဆောက်က အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြသည်။ အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းသို့ မြို့ပေါ်ရပ်ကွက် (၂) ရပ်ကွက်မှ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာရုံးများမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦး သင်တန်းတက်ရောက်ကြမည်ဖြစ်ပြီး  သင်တန်းတွင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအတွက် လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းများ ပြန်လည်လေ့ကျင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ပါသည်။ သင်တန်းကို ဇန်နဝါရီ ၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ ရက်သတ္တပတ် (၄)ပတ်ကြာ ပြန်လည်လေ့ကျင့်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေဖြိုး(ဇလပ်မြေ)