ကျောက်ပန်းတောင်း၊ အောက်တိုဘာ ၂၁
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ၏ အစီအစဉ်ဖြင့် အသက်(၁၀)နှစ်အောက်ကလေးငယ်များ အဟာရနို့ တိုက်ကျွေးခြင်းကို၊ ယမန်နေ့ နံနက်(၁၀)နာရီက ကျောက်ပန်းတောင်းမြို့ ရွှေနဒီပရဟိတ ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းတွင် ပြုလုပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ၏ အစီအစဉ်ဖြင့် အဟာရနို့တိုက်ကျွေးခြင်းကို၊ အသက်(၁၀)နှစ် အောက် ကလေးငယ်များ ခန္ဓာကိုယ်ဖွံ့ဖြိုးစေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ကျောက်ပန်းတောင်းမြို့ ရွှေနဒီပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ကလေးငယ်များကို ၂၀၂၀ပြည့်နှစ် အောက်တိုဘာ(၉)ရက်နေ့က စတင်၍ တစ်ပတ်လျှင်(၂)ကြိမ် အင်္ဂါနေ့နှင့် သောကြာနေ့များတွင် တိုက်ကျွေးနေခြင်းဖြစ်သည်။
အဆိုပါအဟာရနို့ တိုက်ကျွေးရာတွင် ယခုအပတ်တိုက်ကျွေးခြင်းသည် စတုတ္ထအကြိမ်တိုက်ကျွေးခြင်းဖြစ်ကြောင်း သိရပြီး၊ မြို့နယ်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်နှင့် အမျိုးသမီး ကော်မတီဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့မှ တာဝန်ရှိသူများပူးပေါင်း တိုက်ကျွေးခဲ့ကြ ခြင်းဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)