ပန်နန်းဒင်မြို့၌ ပညာရေး၀န်ထမ်းများအား ဆန်ရိက္ခာများ လွှဲပြောင်းပေးအပ်

ပန်နန်းဒင် အောက်တိုဘာ ၂၁

ကချင်ပြည်နယ် ပူတာအိုခရိုင် ပန်နန်းဒင်မြို့၌ ပညာရေး၀န်ထမ်းကျောင်းဆရာ၊ ဆရာမများအား ဆန်ရိက္ခာများ လွှဲပြောင်း ပေးအပ်ပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်က ပန်နန်းဒင်မြို့ ခါကာဘိုရာဇီ ခန်းမတွင် ကျင်းပခဲ့သည်။

ခါကာဘိုရာဇီဒေသ ဝေးလံခက်ခဲသော ပန်နန်းဒင်ဒေသတွင် တာ၀န်ထမ်းဆောင်နေသည့် ဆန်ရိက္ခာ ခက်ခဲမှုဒဏ်ကို ခံနေရသော ပညာရေးဝန်ထမ်း (၃၅)ဦးတို့အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် ဆန်(၃၅)အိတ်ကို ပန်နန်းဒင်မြို့အတွင်းရှိ ဒဇုံဒမ်းကျေးရွာအုပ်စုနှင့် တဆူထု ကျေးရွာအုပ်စုများရှိ ကျောင်းများတွင် တာ၀န်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်း  ဆရာ၊ ဆရာမ (၃၅)ဦးတို့အတွက် တစ်ဦးလျှင်(၁)အိတ်နှုန်းဖြင့် ကချင်ပြည်နယ် အစိုးရအဖွဲ့ ကိုယ်စား ပန်နန်းဒင်မြို့ အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက မြို့နယ်ပညာရေးမှူး ဦးခင်မောင်မြင့်ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

နောယော်ဘော်၊ ဖုန်ကူးခါ့မိုင်(ပြန်/ဆက်)