မက်မန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ဆေးလိပ်၊ဆေးရွက်ကြီးနှင့် ကွမ်းအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်ပြသ

မက်မန်း အောက်တိုဘာ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်မက်မြို့နယ် တွင် ကျောင်းသားကျောင်းသူများ ကျန်းမာရေးအသိရရှိစေရန်၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့်ကွမ်းစားအန္တရာယ်များအကြောင်း သိရှိစေရန်ရည်ရွယ်၍ မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီအချိန်က အသိပညာပေးနံရံကပ်စာစောင်အား သွားရောက်ပြသခဲ့သည်။

ထိုသို့ပြသရာတွင် ကျောင်းသားကျောင်သူများ သိရှိရမည့် ကျန်းမာရေးအကြောင်းအရာများ၊ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ရောဂါများ၊ ဆေးရွက်ကြီးသုံးစွဲခြင်းကြောင့် ရရှိ လာမည့် ရောဂါများအကြောင်း၊ ကွမ်းစားခြင်းကြောင့် မိမိပတ်ဝန်ကျင်အား ညစ်ပေနိုင်သည့် အကြောင်း အရာများနှင့် ကွမ်းကြောင့် ဖြစ်တတ်သည့် ရောဂါများအကြောင်းကို ကာတွန်းများ၊ မှတ် တမ်းဓာတ်ပုံများ၊ ပိုစတားများ၊ ဆောင်းပါးများဖြင့် ပြသခဲ့ရာ ကျောင်းသား၊ကျောင်းသူများက စိတ်ပါ ဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)