ပင်လုံမြို့တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံ

ပင်လုံ အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ရပ်ကွက်(၁)ရုံးတွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉:၀၀)နာရီအချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးသည့် ပင်လုံမြို့ ရပ်ကွက်(၁)ရုံး၌ လွိုင်လင်ခရိုင် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ ဒု-ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်လင်း က သားအိမ်ခေါင်း ကင်ဆာ ရောဂါအကြောင်းနှင့် နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများကို အသိပညာပေးရှင်းလင်း ပြောကြားခဲ့ပြီး မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အသက်ကိုးနှစ်မှ ၁၀ နှစ်အထိ အမျိုးသမီးငယ်များကို ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးသစ် (အိတ်ချ်ပီဗီ)ကို ယခုနှစ်မှ စတင်ထည့်သွင်းထိုးနှံပေးခြင်းဖြစ်ပြီး ပင်လုံမြို့တွင် အသက်ကိုးနှစ်မှ ၁၀နှစ် အမျိုးသမီးငယ်ဦးရေ (၄၈၆)ဦးကို သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နန်းမြင့်မြင့်ဆွေ (ပြန်/ဆက်၊ပင်လုံ)