သရက်ချောင်းမြို့နယ်တွင် HPV (သားအိမ်ခေါင်း)ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနား ပြုလုပ်

သရက်ချောင်း   အောက်တိုဘာ   ၂၁


တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင် အသက်(၉)နှစ်မှ(၁၀)နှစ်အကြားရှိ အမျိုး သမီးငယ်လေး များအား သားအိမ်ခေါင်းကင်ဆာရောဂါ(HPV)အားပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း စတင်ထိုးနှံပေးခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်နှင့် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဝင်းဇော်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထိုနောက် အသက်(၉)နှစ်မှ(၁၀)နှစ်အကြားရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကာကွယ်ဆေး(HPV)ကို စတင်ထိုးနှံပေးခဲ့ပြီးနောက် လက်ဆောင်ပစ္စည်း များအား မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကုသရေးဦးစီးမှူးနှင့်တာဝန်ရှိသူတို့က ပေးအပ်ခဲ့ကြသည်။
သရက်ချောင်းမြို့နယ်အတွင်းရပ်ကွက်/ ကျေးရွာများ၌စာရင်းကောက်ယူထားသည့်အသက်(၉)နှစ်မှ(၁၀)နှစ် အကြားရှိ အမျိုးသမီးငယ်စုစုပေါင်း(၁၄၈၀)ဦးခန့်အား စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမရေး ဦးစီးဌာနရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)