လောင်းလုံး အောက်တိုဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာ၌ Cyclone Shelter တည်ဆောက်နိုင် ရေးအတွက် အဆိုပြုမြေနေရာကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ ညနေပိုင်းက ကွင်းဆင်း စစ်ဆေးမှု ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ Cyclone Shelter တည်ဆောက်နိုင်ရေးအတွက် အဆိုပြုမြေနေရာကွင်းဆင်းကြည့်ရှုစစ်ဆေးရာ၌ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဉီးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး၊ ဒေါ်၀င်းစန္ဒာကြည်၊ လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ကျော်ဦး ၊မြို့နယ်မြေစာရင်း၊ လောင်းလုံးမြို့နယ် ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများနှင့် စမ်းလှမ်းကျေးရွာအုပ်ချုပ်ရေးမှူးတို့က ပါဝင်ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
သိန်းသိန်း (ပြန်/ဆက်)