ဟိုပုံး အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ဦးစီးအဖွဲ့မှ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ကာလအတွင်း စားနပ်ရိက္ခာ ထောက်ပံ့ခြင်းကို ယမန်နေ့မွန်းလွဲ ၂နာရီခွဲအချိန် က ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးခန်းမတွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် ကိုဗစ်-၁၉ ကာလအတွင်း ဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများ အခက် အခဲမဖြစ်ပေါ်စေရေးအတွက် ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင် ဦးဆောင်၍ ဒေသ/ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများအား ဆန် (၁၂)ပြည် (၉၀၀)အိတ်၊ အာလူး (၁၈၉၀) ပိဿာ၊ ခရမ်းချဉ်သီး(၂၀၀၀)ပိဿာတို့ကို ဌာနဆိုင်ရာ တာဝန်ရှိသူများထံ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ သံဃာတော်များ ဆွမ်းအခက်အခဲမဖြစ်ပေါ်စေရေးအတွက် မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း များကို လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများတွင် ဆောင်ရွက် ခဲ့ကြသည့် စေတနာ့ဝန်ထမ်းများကိုလည်းကောင်း စားနပ်ရိက္ခာများ ဆက်လက်ထောက်ပံ့ ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)