နောင်ချို၌ သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဆေးခန်းဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေး

နောင်ချို မတ် ၁၉

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကိုကို၏ ဦးဆောင်မှုဖြင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးဆေးခန်း ဖွင့်လှစ်ပေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဆေးခန်းမှ အဘိုးအဘွားများကို ယမန်နေ့ နံနက်ပိုင်းတွင် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အာဟာရကျွေးမွေးခြင်း၊ လိုအပ်သော သောက်ဆေး/ထိုးဆေးများ အခမဲ့ပေးဝေခြင်း၊ အာဟာရကျွေးမွေးခြင်း၊ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးနည်းလမ်းများ ဟောပြောခြင်းတို့ကို ဆောင်ရွက်ပေးကြောင်းသိရသည်။

ထွေးငယ်(ပြန်/ဆက်)