လေးမျက်နှာ အောက်တိုဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် Human Papilloma Virus (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း အစီအစဉ်တွင် စတင်ထည့်သွင်း ထိုးနှံခြင်းကို ယနေ့နံနက် (၈) နာရီတွင် လေးမျက်နှာမြို့နယ် မြတ်စေတနာ (အခမဲ့) ဆေးခန်းတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးအား အသက်အရွယ်အပိုင်းအခြားနှင့် ကာကွယ်ဆေး အပြည့်အဝရရှိစေရန် (၂) ကြိမ်ထိုးနှံပေးရန် လိုအပ်ပြီး ကျန်းမာရေးဝန်ထမ်းများက အသက် ၉ နှစ်မှ ၁၀ နှစ်အရွယ် မိန်းကလေးငယ်များ အား ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။ (HPV) ကာကွယ်ဆေးကို အောက်တိုဘာလ (၂၀) ရက်နေ့မှ စတင် ထိုးနှံပေးလျက်ရှိပြီး အသက် (၉) နှစ်မှ (၁၀) နှစ်အကြား အမျိုးသမီး ငယ်များအား (HPV) ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြင့် Human Papilloma Virus ဟုခေါ်သည့် (HPV) ပိုးကြောင့် ဖြစ်တက်သည့် သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်ပွား တတ်သည့် ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ကြောင်းနှင့် သားအိမ်ခေါင်းကင်ဆာ အားလုံး နီးပါးသည် HPV ပိုးဖြစ်ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးအား နှစ်ကြိမ်ထိုးနှံရမည်ဖြစ်ပြီး အသက် (၉) နှစ်မှ (၁၀) နှစ်အရွယ် မိန်းကလေး တိုင်းကို တစ်ကြိမ်နှင့် တစ်ကြိမ် (၁၂) လခြားပြီး နှစ်ကြိမ်ထိုးနှံပေးရမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)