ပန်းတနော်မြို့တွင် ပထမအကြိမ်သားအိမ်ခေါင်းကင်ဆာရောဂါ(HPV) ကာကွယ်ဆေး စတင်ထိုးနှံပေး

ပန်းတနော် အောက်တိုဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့တွင် အသက် နှစ် မှ ၁၀ နှစ်အတွင်းရှိ မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါ(HPV) ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံခြင်းလုပ်ငန်းကို ယနေ့ နံနက်   နာရီက မြို့ပေါ် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး များ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ (HPV) ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီအသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ ပန်းတနော်မြို့နယ် အရှေ့ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်နှင့် အနောက်ပိုင်းရပ်ကွက်တို့တွင် ပထမအကြိမ် (HPV) ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

မိန်းကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုး/တိုက်အစီအစဉ်တွင် (HPV) ကာကွယ်ဆေးအား အသက်()နှစ်မှ (၁၀)နှစ်အရွယ် မိန်းကလေးတိုင်းကို တစ်ကြိမ်နှင့် တစ်ကြိမ် (၁၂)လခြားပြီး ()ကြိမ် ထိုးနှံပေးပြီးပါက သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားမှုအား ထိရောက်စွာ ကာကွယ် ပေးနိုင်ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပန်းတနော်)