မြစ်သား အောက်တိုဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ပုံမှန်ကာကွယ်ဆေးထိုးခြင်း အစီအစဉ်တွင် (HPV) ကာကွယ်ဆေးစတင်ထည့်သွင်းထိုးနှံခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ် ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိန်ပို၊ ဒေါက်တာနေခြည်သိန်းဝင်းနှင့် ကျန်းမာရေး ဝန်ထမ်းများမှ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် (HPV)ကာကွယ်ဆေးကို စတင်ထည့်သွင်းထိုးနှံခြင်း ဗဟို အဆင့်ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း ဗွီဒီယိုအား တက်ရောက် လာသူများကို ပရိုဂျက်တာ ဖြင့်ပြသခဲ့ပြီးနောက် မြို့နယ်အတွင်းရှိ အသက် (၉)နှစ်မှ (၁၀)နှစ်အရွယ်မိန်း ကလေးငယ်(၁၀)ဦးအား အိတ်ချ်ပီဗွီ(HPV) ကာကွယ်ဆေးထိုးနှံပေးကာ အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။
မြစ်သားမြိုနယ်တွင် အသက်(၉)နှစ်မှ(၁၀)နှစ်အရွယ် မိန်းကလေးငယ်(၁၉၈၀)ဦးကို အောက်တိုဘာ၂၁ ရက်နေ့မှ စတင်ကာ ရပ်ကွက်/ကျေးရွာများအလိုက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မြမြမွန်(ပြန်/ဆက်)