ဘိုကလေး အောက်တိုဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများ၌ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ယနေ့နံနက် (၉) နာရီ၌ အသက် (၉) နှစ်မှ (၁၀) နှစ်အရွယ် မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး စတင်၍ ထိုးနှံပေးသည်။
ဘိုကလေးမြို့နယ်မှ အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ်ထိ အမျိုးသမီးငယ် (၂၉၀၀) အား ယနေ့မှစ၍ (၃) ရက်တာအတွင်း သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ပထမအကြိမ်အဖြစ် ထိုးနှံပေး သွားမည် ဖြစ်ကြောင်း၊ ယခုပထမအကြိမ် ကာကွယ်ဆေး ထိုးပြီးသော အမျိုးသမီးငယ်များအနေဖြင့် ဒုတိယအကြိမ်အဖြစ် နောင်(၁၂) လကြာမြင့်သည့် အချိန်တွင် ဒုတိယအကြိမ် ထပ်မံထိုးနှံရမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
မိုးစက်(ဘိုကလေး)