ညောင်တုန်းမြို့၌ ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ရာ နေအိမ်(၂)လုံးအား ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ပေးခဲ့ရ

ညောင်တုန်း အောက်တိုဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အမှတ်()ရပ်ကွက်၊ (၄၁) လမ်း ကမ်းနားတွင် ပန်းလှိုင်မြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ရာ ယမန်နေ့ ညနေ နာရီ ၁၀ မိနစ်ခန့်က နေအိမ် () လုံးအား ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ပေးခဲ့ရသည်။

ညောင်တုန်းမြို့နယ်၊ အမှတ်()ရပ်ကွက်၊ (၄၁) လမ်းကမ်းနားတွင် ပန်းလှိုင်မြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါး ပြိုကျမှုမှာ ကမ်းခြေမှ အလျား(၁၀၀)ပေ၊ အနံ (၅၀) ပေခန့် ပြိုကျမှုကြောင့် နေအိမ် () လုံးအား ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ပေးခဲ့ရပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

အဆိုပါမြစ်ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ်()လုံး၊ အိမ်ထောင်စု()စု၊ လူဦးရေ()ဦးတို့အား ၎င်းတို့၏ ဆွေမျိုးများ နေအိမ်သို့ တာဝန်ရှိသူများက ခေတ္တပြောင်းရွှေ့ နေရာချထားပေးခဲ့ကြောင်း သိရသည်။

ဝဠာနိုင် (ညောင်တုန်း)