ပြင်စလူမြို့၌ သားအိမ်ခါင်းကင်ဆာ(HPV) ကာကွယ်ဆေး ထိုးနှံပေး

ပြင်စလူ အောက်တိုဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ကျန်းမာရေးဦးစီးဌာနမှ အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်း အမျိုးသမီးငယ် များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီအချိန်တွင် ကျေးလက် ကျန်းမာရေး ဌာန၌ ထိုးနှံပေးခဲ့ ကြောင်း သိရသည်။

ပြင်စလူမြို့တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံမည့် အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်း အမျိုးသမီးငယ်ဦးရေ (၃၀)ဦးရှိပြီး အဆိုပါကာကွယ်ဆေးကို အောက်တိုဘာလ (၂၀)ရက်နေ့မ စတင်၍ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်း အစီအစဉ်တွင် စတင်ထည့်သွင်း ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးရန် စာရင်းကောက်သည့်အထဲတွင် မပါရှိဘဲ သတ်မှတ်ထားသော အသက်ပြည့်ပြီး ကာကွယ်ဆေး ထိုးနှံချင်သူများအနေဖြင့် မွေးစာရင်း၊ အိမ်ထောင်စု ဇယားတို့ကို ယူလာရမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနရုံးက သိရှိရပြီး  HPV ကာကွယ်ဆေးနှင့် ပတ်သက်သော အမေးများသည့် မေးခွန်းနှင့်အဖြေများပါဝင်သည့် လက်ကမ်း စာစောင်များကိုလည်း ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဇင်ဖြိုးသူ (ပြန်/ဆက်)