ပြင်ဉီးလွင် ခရိုင်ပြည်သူ့စာကြည့်တိုက်ရှေ့ရှိ မြေစိုက်နံရံကပ် ပြဘုတ်တွင် အသိပညာပေးခြင်းများ ပြသ ဆောင်ရွက်

ပြင်ဦးလွင် ၊    အောက်တိုဘာ  ၂၁  

 
ပြည်သူများ အသိပညာ ဗဟုသုတများစွာ ရရှိစေရန် ရည်ရွယ်၍  ပြင်ဉီးလွင်ခရိုင်ပြန်ကြားရေး နှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ခရိုင်ပြည်သူ့စာကြည့်တိုက်ရှေ့ရှိ  မြေစိုက်နံရံကပ်ဘုတ်တွင်   သတင်းအချက် အလက်ဆိုင်ရာ သိကောင်းစရာ နံရံကပ်ပိုစတာများကို  ပြသဆောင်ရွက်လျက်ရှိသည်။
အဆိုပါ  ပြသထားသည့် နံရံကပ်ပိုစတာများမှာ  သတင်းအချက်အလက်ဝန်ပိခြင်းနှင့်  သတင်းအချက်အလက်ရယူနိုင်မှု ၊ ကိုဗစ် - ၁၉ ကာလအတွင်း သတင်းအချက်အလက် ဝန်ပိမှုကို စီမံခန့်ခွဲခြင်း၊ မိမိသည်  သတင်းအချက်အလက် ဝန်ပိနေပြီဖြစ်ကြောင်း  မည်သို့သိရှိနိုင်သနည်း ၊ သတင်းအချက်အလက် ဝန်ပိမှုက သင့်ကို မည်သို့ထိခိုက်သနည်း ၊ သတင်းအချက်အလက် ဝန်ပိခြင်းဆိုသည်မှာ ၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော  မိဘ/ အုပ်ထိန်းမှု အတတ်ပညာ ဆိုသည်မှာအဘယ်နည်း ၊ သင်သည်  မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုရှိသော  မိဘ/အုပ်ထိန်းသူတစ်ဉီး ဖြစ်ပါသလား ၊ သတင်းအချက်အလက်များက မည်သို့ ဆက်စပ်အရေးပါကြောင်း ကလေးများနှင့်အတူ ဆွေးနွေးပါ ၊  လူမှုမီဒီယာပေါ်တွင်  ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာတွင်ဆောင်ရန် နှင့် ရှောင်ရန်များ  ၊ ကလေးသူငယ် / လူငယ်နှင့်  လူမှုမီဒီယာအသုံးပြုမှု သဘောတူညီချက်တစ်ရပ် ပြုလုပ်ပါ ၊ ကလေးများနှင့်အတူတူ သတင်းကြည့်ရာဝယ် ၊ သမိုင်းဝင်တည်နေရာများကို ပုံရိပ်ယောင် နည်းပညာဖြင့်  သွားရောက်လေ့လာရာဝယ် ၊  မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုရှိသော  မိဘ/ အုပ်ထိန်းမှု အတတ်ပညာနှင့်ကျန်းမာရေး ၊ မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုရှိသော  မိဘ/ အုပ်ထိန်းမှု အတတ်ပညာနှင့် လုပ်ကြံသတင်းများ ၊  
ရုပ်ရှင် အတူတူကြည့်ပါ ၊ သတင်းအချက်အလက်နှင့် ထင်မြင်ယူဆချက်တို့ကို  ခွဲခြားဖို့ ခက်နေပါသလား စသည့် အသိပညာပေး ပိုစတာများ ပြသထားရှိပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည် ။                                                   ဇော်မျိုးထိုက် ( ပြင်ဉီးလွင် )