မြစ်ကြီးနား လေဆိပ်သို့ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း Surgical Mask နှင့် ပိုးသတ်ဆေးဘူးများလှူဒါန်း

မြစ်ကြီးနား  မတ်  ၁၉

မြစ်ကြီးနားလေဆိပ်သို့ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း Surgical Mask နှင့် ပိုးသတ်ဆေးဘူးများကို ယမန်နေ့ နံနက်ပိုင်းတွင် SPIC/ACHC ကုမ္ပဏီမှ လှူဒါန်းခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားလေဆိပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ခရီးသွားပြည်သူများအတွက် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း Surgical Mask (၂၀၀၀)နှင့် ပိုးသတ်ဆေးဘူး (၄)ဖာကို SPIC/ACHC  ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပေးအပ်ရာ မြစ်ကြီးနား လေဆိပ်မန်နေဂျာ ဦးစောနွဲ့ဖာဟိန်းက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ လှူဒါန်းမှုသည့် ကိုရိုနာဗိုင်းရပ်(စ်) ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကူးစက်ရောဂါကို ကြိုတင်ကာကွယ်မှု အနေနှင့် နှာခေါင်းစည်းနှင့် ပိုးသတ်ဆေးဘူးများ လှူဒါန်းရခြင်းဖြစ်ကြောင်းသိရသည်။

စိန်ဝင်း(ပြန်/ဆက်)